နည်းပညာတက္ကသိုလ်(မအူပင်)နှင့် ကွန်ပျူတာတက္ကသိုလ်(မအူပင်) တို့တွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြား

မအူပင် ဇွန် 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ နည်းပညာတက္ကသိုလ်(မအူပင်)နှင့် ကွန်ပျူတာတက္ကသိုလ် (မအူပင်)တို့တွင် ၂၀၂၃-၂၀၂၄ ပညာသင် နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းများနှင့် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့သင်တန်းများအား ယမန်နေ့နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(မအူပင်)တွင် အင်ဂျင်နီယာဘွဲ့ကြိုသင်တန်း ပထမနှစ်မှ ဆဋ္ဌမနှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၅၇၅)ဦးနှင့် ကွန်ပျူတာတက္ကသိုလ်(မအူပင်)တွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့သင်တန်း ပထမနှစ်မှ ပဉ္စမနှစ်အထိ ကျောင်းသား၊ကျောင်းသူ(၃၅၀)ဦးတို့သည် အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)