ချမ်းမြသာစည် ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ငုရွှေဝါလမ်းရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာတက်ရောက်ပညာသင်ကြားလျက်ရှိသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနလက်အောက်ရှိ မြန်မာသတင်း အချက်အလက်နည်းပညာတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး စာရင်းရှိ ကျောင်းသား/ သူ(၄၁၃)ဦး ကျောင်းအပ်နှံသင်ကြားလျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့