ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မြန်အောင်မြို့နယ် အ.ထ.က ထန်းသုံးပင် ကျောင်းတွင် ကျောင်းသား/သူများအား တွေ့ဆုံအားပေးပြီး စာအုပ်နှင့်စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

မြန်အောင်  ဇွန်  

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် ယမန်နေ့နေ့လယ်က မြန်အောင်မြို့နယ် အ.ထ.က ထန်းသုံးပင်သို့ရောက်ရှိပြီး ကျောင်းသား၊ကျောင်းသူများ အတန်းအလိုက် တက်ရောက်မှုအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ကျောင်းသူများ စာသင်ကြားနေမှုကိုကြည့်ရှုအားပေး၍ စာအုပ်နှင့်စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင် များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မြန်အောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ထန်းသုံးပင်သို့ရောက်ရှိပြီး ကျောင်းအပ်နှံမှု၊ တက်ရောက်သင်ကြားမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူများ စာသင်ကြားနေမှုကိုလိုက်လံကြည့်ရှုအားပေးပြီး စာအုပ်နှင့်စာရေးကိရိယာများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)