မုဒုံမြို့၌ မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ပင်လယ်ဆိပ်ကမ်းနားရှိ ကတုံးပေါ်ကျေးရွာ၌ ပြုလုပ်သည်။

စစ်ကိုင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈)နာရီက စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက် ၁၀ နာရီမှစတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ထိုးနှံပေးလျက်ရှိသည်။

ရွှေသောင်ယံမြို့ရှိ စာသင်ကျောင်းများ၌ အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၁၀)နာရီက စာသင်ကျောင်းများရှိ သုံးရေကန်သောက်ရေကန်များ၌ မိုးရာသီတွင်အဖြစ်များ‌‌သောသွေးလွန်တုပ်ကွေး အန္တရာယ်မှကင်းဝေးစေရန် အဘိတ်ဆေး (Abate) ဆေးခတ်ပေးခြင်းလုပ်ငန်းများ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မကွေးမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူခြင်း၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် MPRL E&P Pte Ltd.(CSR အစီအစဉ်) တို့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဇွန်လ ၁ ရက်နေ့က မန်းရေနံမြေရှိ အောက်ကျောင်းကျေးရွာ အဝင်တွင် "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" မြေစိုက်ပိုစတာ စိုက်ထူခြင်းကို မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီစိုးမင်း ဦးစီး၍ အဖွဲ့ဝင် (၅)ဦးနှင့် MPRL E&P Pte Ltd. တို့ပူးပေါင်း၍ မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ဆောင်ရွက်ခဲ့သည်။

မိုင်းနောင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်(၈) နာရီအချိန်က တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့၌ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ်ပြည်သူများသိရှိစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲက ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျောင်းအပ်လက်ခံခြင်းနှင့် သင်ကြားမှုစတင်ဆောင်ရွက်

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၃- ၂၀၂၄၊ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီး၏ (ပထမပညာသင်ကာလ) ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် (ဒုတိပညာသင်ကာလ)သတင်းပို့ လက်ခံခြင်းကို မေ(၂၃)ရက်နေ့မှ စ၍စတင်လက်ခံ ဆောင်ရွက်ပေးနေလျက်ရှိကြောင်းသိရသည်။

အောင်လံမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲ စေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေး အတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

လားရှိုးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စတင်ဖွင့်လှစ်ခဲ့သည့်နေ့တွင် လားရှိုးတက္ကသိုလ်ရှိ ဆရာ၊ဆရာမများ ၎င်းတို့၏ မိသားစုဝင်များ၊ ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to