မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ပျိုးမည့် မိုးစပါးစိုက်ဧကများအတွက် မျိုးစပါးနှင့် သွင်းအားစုများ ပေးအပ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ပျိုးမည့် မိုးစပါးစိုက်ဧကများအတွက် မျိုးစပါးနှင့် သွင်းအားစုများ ပေးအပ်ပွဲကို ယမန်နေ့က ရေချိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ ယခင်နှစ်ထက် ကျောင်းအပ်နှံသည့်ဦးရေ ပိုမိုများပြား

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၃ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ပြီး ကျောင်းစာများ စတင်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” မြေစိုက်ပိုစတာ စိုက်ထူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ဦးဆောင်မှုဖြင့် အများ ပြည်သူများ အသွားအလာစည်ကားရာနေရာဖြစ်သည့် အမှတ် (၁)ရပ်ကွက် မြို့မရဲစခန်းရှေ့ မြို့လယ်လမ်းဆုံ၌ ယနေ့ နံနက် ၉ နာရီက “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်ပါ မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျိုင်းတုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)နှင့် ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အဆင့်မြင့်ပညာဦးစီးဌာန ကျိုင်းတုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၊ ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)များ၌ ဘာသာရပ်ဆိုင်ရာ သင်တန်းများကို ဇွန် ၃ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

"ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ " ဆိုသည့် ဆောင်ပုဒ်နှင့် အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက "ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်" ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က

မြောက်ဥက္ကလာမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက  (ဂ)ရပ်ကွက်၊ ဥက္ကာလမ်း (၁)ဓမ္မာရုံတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းစတင်ဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းစတင်ဖွင့်လှစ်ခြင်းကို ဇွန်လ(၃)ရက် နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်လံမြို့၌ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့်အဖွဲ့ အင်ဂျင်နီယာများ အဝေးပြေးယာဉ်ရပ်နားစခန်းအား သွားရောက်ကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်အဖွဲ့ အင်ဂျင်နီယာများ အဝေးပြေးယာဉ်ရပ်နားစခန်းကို ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့သည်။

ဒေးဒရဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ မိုးကြိုကာလတွင် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ယနေ့ နံနက် (၁၀)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ)တွင် မိဘဆရာများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-က(ရွှေသောင်ယံ)စာသင်ကျောင်း၌ယနေ့နံနက်(၉)နာရီက ကျောင်းစတင်ဖွင့်လှစ်သည့်ကာလ ဖြစ်သည့်အတွက် မိဘ၊ဆရာများပူးပေါင်း၍ ကလေးများ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းယာလှပစေရေးနှင့် ကျောင်းအတွက် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
Subscribe to