နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ စတင်ဖွင့်လှစ်

ပြင်ဦးလွင် ဇွန် ၄

နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အားထားရသည့် အင်ဂျင်နီယာပညာရှင် လူငယ်မောင်မယ်များစွာ ပေါ်ထွန်းလာစေရေးနှင့် ပြောင်းလဲတိုးတက်နေသော နည်းပညာအရွေ့နှင့်အတူ လိုက်ပါနိုင်ရေး အလေးထားဆောင်ရွက်ရန်ရည်ရွယ်၍ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ယမန်နေ့ဇွန်လ ၃ ရက်နေ့မှစတင်၍ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်သင်ကြားလျက်ရှိရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာပေများသင်ကြားနိုင်စေရေးအတွက် တာဝန်ရှိသူများက လိုအပ်သည်များကို ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆရာ၊ ဆရာမများက ကျောင်းသား/ကျောင်းသူများအား အင်ဂျင်နီယာဘာသာရပ်များကို  တန်းခွဲများအလိုက် စနစ်တကျသင်ကြားပို့ချပေးလျက်ရှိကြောင်း နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ပါမောက္ခချုပ်၏ပြောကြားချက်အရ သိရှိရသည်။ 

ဖြူလူသစ်