မူဆယ် ဇွန် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ပေါ်တွင် အခြေခံပညာကျောင်းပေါင်း(၃၂) ကျောင်းတို့တွင် ယမန်နေ့နံနက်ပိုင်းက ကျောင်းများစတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းပေါင်း( ၃၂) ကျောင်းက ကျောင်းသားလူငယ်များသည် အေးချမ်းသာယာစွာဖြင့် ဆရာ/ဆရာမများ၏ သင်ကြားပို့ချမှုများကို လေ့လာမှတ်သားနာယူလျက်ရှိကြောင်းနှင့် ကျောင်းသားလူငယ်များ၏ လမ်းဖြတ်ကူးမှုများကိုလည်း တာဝန်ရှိသူများက လိုက်လံကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဇွန်လ ၃ ရက်နေ့တွင် မူဆယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းပေါင်း(၃၂)ကျောင်းတို့တွင် ကျောင်းသားလူငယ် စုစုပေါင်း (၁၄၄၄၁) တို့ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)