တန့်ယန်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများအား သစ်ပင်ပျိုးပင် အခမဲ့ဖြန့်ဝေပေးလျက်ရှိ

တန့်ယန်း ဇွန် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက်အရိပ်ရပင်နှင့် နှစ်ရှည်သစ်ပင်များအား မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်သစ်တောဦးစီးဌာန မြို့မယာယီပျိုးဥယျာဉ် အမှတ်(၁)၊ အမှတ်(၂)တို့မှ ယခုနှစ်မိုးရာသီ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား စိုက်ပျိုးဖြန့်‌ဝေနိုင်ရန်အတွက် မယ်ဇလီ ၆၀၀၀ ပင်၊ ကျွန်း ၂၅၀၀ ပင်၊ ခါတော်မီ ၂၀၀၀ ပင်၊ မန်ဂျန်ရှား ၂၀၀၀ ပင်၊ ချယ်ရီ ၃၀၀၀ ပင်၊ ထင်းရှူး ၂၀၀၀ ပင်၊ ပန်းဝါ ၁၅၀၀ ပင်၊ ကံ့ကော် ၅၀၀ ပင်၊ မျောက်ငို ၅၀၀ ပင် စုစုပေါင်း နှစ်သောင်းအား ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့အထိ သစ်ပင်ပျိုးပင် လေးထောင်ကျော် ဖြန့်ဝေပေးပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မင်းလွင်ဦး(တန့်ယန်း)