မုံရွာ ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံပြီးစီးမှု ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမများကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် များတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှု၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံ ပြီးစီးမှုအခြေအနေများ အခြေခံပညာကျောင်းများနှင့် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင် ကြားနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် အလေးထားပူးပေါင်းဆောင်ရွက်သွားကြရန်လို အပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့လည်း လိုအပ်ချက်များရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြပေးသွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးသိုက်က တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များ၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံပြီးစီးမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင် ပြသည်။ ဆက်လက်ပြီး နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များတွင်အခြေခံပညာကျောင်းများဖွင့်လှစ်နေမှု၊ ကျောင်းအပ်နှံပြီးစီးမှု၊ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား Video Conferencing စနစ်ဖြင့် ရှင်းလင်းတင်ပြကြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်းရှိ မြို့နယ်များ၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှုနှင့် ကျောင်းအပ်နှံပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)