လားရှိုး ဇွန် ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်စတင်ဖွင့်လှစ်ပြီဖြစ်ရာ လားရှိုးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေကြပြီဖြစ်ကြောင်း သိရသည်။
လားရှိုးတက္ကသိုလ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ဇွန်လ ၃ ရက်နေ့တွင် လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးအောင်က ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေသည့် စာသင်ခန်းများသို့ သွားရောက်ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများကို နှုတ်ခွန်းဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
လားရှိုးတက္ကသိုလ်၌ ကျောင်းစတင်ဖွင့်လှစ်သည့်ပထမနေ့တွင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ ဂုဏ်ထူးတန်း၊ မဟာဘွဲ့အတန်းများတွင် ကျောင်းသား၊ ကျောင်းသူ ၁၃၂ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)