နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် အခြေခံပညာကျောင်း စတင်ဖွင့်လှစ်

ထန်ပါခွေ ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ဇွန်လ ၃ ရက်နေ့မှ စတင်၍ ၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းစတင်ဖွင့်ခဲ့‌ကြောင်းသိရသည်။

အဆိုပါကျောင်း ဖွင့်လှစ်ပညာသင်ကြားနေမှုအား ထန်ပါခွေမြို့တပ်စခန်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးဝေလင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ဦး၊ ရဲစခန်းမှူး ဒု-ရဲမှူး ကျော်ရွှေ၊ ပြန်/ဆက်ဦးစီးမှူး ဦးဟန်မျိုးထွန်းနှင့် မီးသတ်စခန်းမှူး ဦးဒါနတို့က ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထန်ပါခွေမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် KG အတန်း မှ Grade-12 အထိ စုစုပေါင်း အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၃၄၆) ဦး  ကျောင်းအပ်လက်ခံ‌ဆောင်ရွက်ခဲ့ပြီး ယနေ့ကျောင်းဖွင့်ရက်တွင် ကျောင်းတက်စာရင်းအရ ကျောင်းသား၊ ကျောင်းသူ(၂၉၃)ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဟန်ထွန်း(အင်းဝ)