ခန္တီးမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ခန္တီး ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် သစ်တောသစ်ပင်များ ချစ်မြတ်နိုးလာတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန်ရည်ရွယ်၍ ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်းကာ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က ခန္တီး-ဟုမ္မလင်း ကားလမ်း(၂)မိုင် (၅)ဖာလုံအနီး၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး မျိုးဇော်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် နှစ်ရှည်ပင်များဖြစ်ကြသည့် တမာပျိုးပင်(၁၀၀)၊ ကျွန်းပျိုးပင်(၅၀)၊ မန်ဂျန်ရှားပျိုးပင်(၁၀၀)၊ ပျဉ်းကတိုးပျိုးပင်(၁၀၀)၊ သင်္ဘောတည်ပျိုးပင်(၅၀)၊ စိန်ပန်းပျိုးပင်(၅၀)၊ မယ်ဇလီပျိုးပင်(၅၀) ပျိုးပင်စုစုပေါင်း အပင်ရေ (၅၀၀) အား  တက်ရောက်ကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ခန္တီး-ဟုမ္မလင်း ကားလမ်းဘေး၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)