ကဝ ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းရာသီအတွက် ကျန်ရှိနေသောတင်ဒါချက်အား (ဒုတိယ)အကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ဂရန်အင်းများ၊ တင်ဒါချက်များ လေလံတင်ရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှအောင်သိန်းက တင်ဒါချက်များလေလံတင်ရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဝမြို့နယ်အတွင်းရှိ ကျန်ရှိနေသောတင်ဒါချက်(၁)ချက်အား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပေးခဲ့ကြောင်းသိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)