မင်းလှ ဇွန် ၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် မိုးရာသီတွင် ကျေးရွာချင်းဆက်လမ်းများ၌ သီးပင်စားပင်များစိုက်ပျိုးနိုင်ရန် လမ်းညွှန်ချက်အရ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၈ နာရီချိန်က မင်းလှ-ဇရစ်ချောင်းလမ်းသွား လမ်းဘေးဝဲယာတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးခြင်းတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က ပျိုးပင်များအား ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များထံ ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ဒေသခံပြည်သူများက မကျီးပင်(၆၀) ပင်၊ ဒန့်ဒလွန်ပင်(၆၀)ပင်၊ ကြောင်လျှာ(၆၀)ပင်၊ ပေါက်ပန်းနီ (၆၀) ပင်၊ သခွတ်(၆၀)ပင်စုစုပေါင်း အပင်(၃၀၀) တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ပေါက်စ(မင်းလှ)