မုံရွာမြို့တွင် နေရပ်စွန့်ခွာသူများအား ဒုတိယအကြိမ် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များအနက် မုံရွာ ခရိုင်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မှ စတင်ပြီး မုံရွာမြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမနှင့် သတ်မှတ်နေရာ(၄)ခုတို့တွင် ပေးအပ်လျက်ရှိရာ ယနေ့အထိ လူဦးရေ ၂၂၃၈ ဦးအတွက် စုစုပေါင်း ဆန် ၂၀၉၈အိတ်၊ ၃ ပြည်၊ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မုံရွာခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ထံမှ သိရသည်။