ဝမ်းတွင်းမြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနား ကျင်းပ

ဝမ်းတွင်း ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လူစည်ကားရာ အလယ်ဂိတ်လမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူမည့် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အကြိုလှုပ်ရှားမှုတစ်ရပ်အနေဖြင့် “ပြည်သူ့အားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ပိုစတာစိုက်ထူခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစိုးမင်းထံမှ သိရသည်။

အဆိုပါ  “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဝေဟန်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးအရာရှိ ဦးစိုးမင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်