ကဝ ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း ရာသီဥတုအညွှန်းကိန်း အခြေပြုသီးနှံအာမခံလုပ်ငန်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် တောင်သူများသို့ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(ခွဲ)မန်နေဂျာ ဦးမင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံ၊ ရေကြီးနစ်မြုပ်၍ သီးနှံပျက်စီးမှု၊ အာမခံထားရန်လိုအပ်ချက်များ၊ အာမခံထားရှိနိုင်သည့်ပမာဏ၊ ပရီမီယံနှုန်း၊ ရာသီဥတုအညွှန်းကိန်းအာမခံပုံစံ၊ အာမခံထားရှိနိုင်သူများ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိသည်။
ဆက်လက်၍ ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံလက်ကမ်းစာစောင်များကို တက်ရောက်လာကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)