ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြား

ထန်းတပင်(ရန်ကုန်)  ဇွန်  ၄

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ ယမန်နေ့မှစတင်၍ အထူးပြုဘာသာရပ်အသီးသီးတို့တွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီ၊ သမိုင်း၊ ဒဿနိကဗေဒ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒနှင့် ကုန်ထုတ်ဓာတု အထူးပြုဘာသာရပ်များကို ၂၀၂၃- ၂၀၂၄ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စတုတ္ထနှစ်၊ ပထမနှစ် ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာတန်းပထမနှစ် မဟာတန်းဒုတိယနှစ်တို့၏ ဒုတိယနှစ်ဝက်နှင့် တတိယနှစ် ပထမနှစ်ဂုဏ်ထူးတန်းတို့၏ ပထမနှစ်ဝက် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ကျောင်းသူ (၂၈၄၅)ဦးတို့ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)