မိုးညှင်း ဇွန် ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီခွဲက အဆိုပါ တက္ကသိုလ်ကျောင်းဝင်း၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးကြရာတွင် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသစ်ပင်နှင့် ဇီဝမျိုးကွဲများကို ချစ်မြတ်နိုးတတ်စေရန်၊ ဂေဟစနစ်တည်ငြိမ်မှုအား အထောက်အကူပြုစေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် လေကောင်းလေသန့်များ ရရှိစေရန်ရည်ရွယ်၍ မြို့နယ် သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ အမြင့်နှစ်ပေ အထက်ရှိသော အရိပ်ရ နှစ်ရှည်အပင်များဖြစ်သည့် ကျွန်းပင် (၂၀၀)၊ ပျဉ်းကတိုး (၄၀၀)၊ မဟော်ဂနီ (၁၀၀)၊ ခရေ (၂၀၀)၊ ကံ့ကော် (၂၀၀)၊ ပျဉ်းမ (၁၀၀)၊ ငါးပေါက် (၁၅၀)နှင့် စကားဝါ (၁၅၀) စုစုပေါင်းပျိုးပင် (၁၅၀၀)တို့ကို တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ကိုကိုဝင်းနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း ဦးဆောင်သည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်နေရာများ အသီးသီးတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရ သည်။
ရွှေမိုးညှင်း