ကျွန်းစုမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကျွန်းစု ဇွန် ၅

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် နာရီအချိန်က ကျွန်းစုမြို့၊ စလွန်အော်ကျေးရွာရှိ အ‌ခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း သတ်မှတ်ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးသန်းဇော်ဝင်းနှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့် သစ်ပင်ပျိုးပင်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအားပေးအပ်ခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲတော်ကို သတ်မှတ်နေရာ ၌ကျင်းပရာ တက်ရောက်လာကြသူများက စုပေါင်းပါဝင်ကာ တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် မြေအောက်ရေထိန်းသိမ်းခြင်းကို အထောက်အကူပြုစေရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ သစ်တောသစ်ပင်များအား ချစ်ခင်မြတ်နိုးတတ်စေ‌ရန်နှင့် သစ်ပင်သစ်ပင်များအား စနစ်တကျ စိုက်ပျိုးပြုစုထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်သည်။

ထို့နောက် တက်ရောက်လာသူများက ပျဉ်းကတိုး (၂၀၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင်၊ မန်ဂျာရှားပင် (၈၀)ပင်၊ သင်္ကန်းပင်(၅၀)ပင်၊ ခရေပင် (၂၀)ပင် စုစုပေါင်းသစ်ပင်(၄၅၀)ပင်တို့အား သတ်မှတ်နေရာ၌ စုပေါင်းစိုက်ပျိုးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးသန်းဇော်ဝင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)