လားရှိုး ဇွန် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဗီဒီယို Clip ပြသမှုကို ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လေးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန စတင်ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း