လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

လေးမျက်နှာ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို လေးမျက်နှာမြို့နယ် သခွတ်‌ချောင်းအုပ်စု၊ ဂျမ်းကုန်း‌ကျေးရွာ၊ မြို့မသုသာန်၌ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်မှ အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ‌ ဒေါ်ချောစုခိုင်၊ မြို့နယ်စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးစိုင်းဝင်းမိုးနိုင်မှ မြို့နယ်ပညာရေးမှူးဒေါ်ငွေးဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးတင့်ဆွေမှ မြို့နယ်မီးသက်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦးကျော်သူဝင်းမှ မြို့နယ်စည်ပင်အမှု‌ဆောင်အရာရှိ၊ မြို့နယ်သစ်တောဦးစီးအရာရှိမှ ကရုဏာလမ်းစဉ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌထံသို့ ပျိူးပင်များဖြန့်ဝေပေးခဲ့ပြီး သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းမှကာကွယ်နိုင်ရန်အတွက် စိန်ပန်း(၅၀)ပင်၊ မန်ဂျန်ရှား(၂၀၀)ပင်၊ ကျွန်း(၅၀)ပင်၊ မဟော်ဂနီ(၂၀၀)ပင် စိုက်ပျိူးခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိူးပွဲသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၇)ဦးတို့မှ ပူးပေါင်းပါဝင်စိုက်ပျိူးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)