ကျိုက်မရော ဇွန် ၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ခု ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ပိန်းနဲကုန်းကျေးရွာ သီဟိုဠ်စမ်းတောရကျောင်းဝင်း၌ ကျင်းပခဲ့သည်။
ဦးစွာ စိုက်ပျိုးမည့် ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မိုးဦးတို့က တက်ရောက်လာသူများထံ အပင်များပေးအပ်၍ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ကြသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နော်ခမ်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူ (၁၅၀) ဦးခန့်ဖြင့် ကျွန်းပင် ၅၀၊ ပျဥ်းကတိုး ၂၀၀၊ မဟော်ဂနီ၊ ၁၅၀ ပင်၊ စိန်ပန်း ၃၀ ပင်၊ အော်ရေးရှား ၂၇၀ ပင်၊ စုစုပေါင်း ပျိုးပင် ၇၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မိချို (ပြန်/ဆက်)