ဝမ်းတွင်း ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပွဲတော်ကို ယနေ့နံနက် (၈) နာရီအချိန်က ဒုတိယလမ်းမတော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဝေဟန်ကျော်၊ အဖွဲ့ဝင် (၂) ဦးမြဟန်၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးဟာမန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှု့ဆောင်အရာရှိ ဦးတင်မြင့်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းမြင့်၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကျော်မိုးတို့က ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ထံ ပျိုးပင်များပေးအပ်ခဲ့ကြပြီး ကြွရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများက ပျိုးပင်များကို တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြကာ သစ်ပင်များ စိုက်ပျိုးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဝေဟန်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်တွင် သစ်မျိုးများဖြစ်သည့် တမာ (၁၇၀) ပင်၊ ကုက္ကို (၁၀၀) ပင်၊ စိန်ပန်း (၉၂) ပင်၊ ယင်းမာ (၈၈) ပင် စုစုပေါင်း သစ်မျိုးသစ်ပင် (၄၅၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အခမ်းအနားအပြီးတွင် အမှတ်တရစုပေါင်း မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်