တောင်ငူ ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီမှဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ပြည်သူလူထုလှုံ့ဆော်ရေးမြေစိုက်ပိုစတာ ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈:၁၅) နာရီအချိန်က မိုင်ဒါကွင်းရှေ့၊ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၌ ကျင်းပသည်။
ထို့သိုကျင်းပရာတွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးကျော်ကျော်အောင်နှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ကြီးဌာနမှခရိုင်ဦးစီးမှူး ဒေါ်ခင်သန်းဝင်းတို့ကဖဲ ကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အောင်နိမိတ်သပြေပန်း ရေပက်ဖြန်းကာ လက်ဆောင်ပစ္စည်းများပေးအပ်သည်။ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)