ဘီးလင်း ဇွန် ၅
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ် မုသင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးခိုင်မွန်က ပျိုးပင်များကို ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများ၊ ဆရာ၊ဆရာမများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ထို့နောက်မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများက မန်ဂျန်ရှား ၂၇၀ ပင်၊ မဟော်ဂနီ ၂၇၀ ပင် စုစုပေါင်း ၅၄၀ ပင်တို့အား တပျော်တပါးစုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြိုနယ် (ပြန်/ဆက်)