ကန်ကြီးထောင့်မြိုနယ်တွင် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များမှဘေးအန္တရာယ် လုပ်ငန်းလိုင်စင်များ လျှောက်ထားမှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေး

ကန်ကြီးထောင့် ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များမှဘေးအန္တရာယ် လုပ်ငန်းလိုင်စင်များလျှောက်ထားမှုအပေါ်မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန်လ (၄) ရက်နေ့ က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အမှတ် ၁/၂/၄/၆ ရပ်ကွက်နှင့် ဒါးကကျေးရွာ၊ အပင်နှစ်ဆယ်ကျေးရွာ၊ မြင်းကဆိပ်ကျေးရွာတို့ရှိ လုပ်ငန်းရှင်များမှ စည်ပင်လုပ်ငန်းလိုင်စင် (အသစ်) များအား လျောက်ထားမှုအပေါ်  ၎င်းတို့၏ ဆေးဆိုင်များ၊ စတိုးဆိုင်များ၊ ဆေးခန်းများ၊ ကုန်စုံဆိုင်များအစရှိသည့် အဆောက်အဦးများ၏ အခြေအနေများနှင့် လမ်းအကွာအဝေးများအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)