ပခုက္ကူမြို့၌ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေးခေါင်းစဉ်ဖြင့် အသိပညာပေးကွင်းဆင်းဟောပြော

ပခုက္ကူ ဇွန် ၅

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေးခေါင်းစဉ်ဖြင့် အသိပညာပေးကွင်းဆင်းဟောပြောပွဲကို ဇွန်လ ၅ ရက် နံနက်၁၀နာရီအချိန်က ပခုက္ကူမြို့၊ အမှတ် (၃) ရပ်ကွက်၊ မြို့မကွက်သစ်အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထားထားဝေက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ဒုတိယဦးစီးမှူး ဒေါ်အိမ့်သက်ထားက ကမ္ဘာ့ဂေဟစနစ်နှင့်ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု ပြဿနာများ၊ သဲကန္တာရဖြစ်ထွန်းမှုကာကွယ်တားဆီးရေးအကြောင်း၊ မိုးခေါင်ရေရှားမှုဒဏ်ခံနိုင်ရေးမြေယာများပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဟောပြောကြသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ် (၃) ရပ်ကွက်၊ မြို့မကွက်သစ် အခြေခံပညာမူလတန်းကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်းများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေးစာအုပ်နှင့် လက်ကမ်းစာစောင်များ၊ ပျိုးပင်များပေးအပ်ခဲ့ကြကြောင်းသိရသည်။

ပခုက္ကူခရိုင် (ပြန်/ဆက်)