ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်လှုပ်ရှားမှုများရှိစေရန် ဟောပြောပွဲပြုလုပ်

ရွှေသောင်ယံ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ကျန်မာရေးဆရာမများမှ ကိုယ်ဝန်ဆောင်မိခင်များ သိသင့်သိထိုက်သည့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်လှုပ်ရှားမှုများရှိစေရေး လိုအပ်သောအသိပညာ မြှင့်တင်ခြင်းဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက် လှုပ်ရှားမှုများရှိစေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ သွေးလွန်တုပ်ကွေးအန္တရာယ်၊ ရာသီတုပ်ကွေးအန္တရာယ်အကြောင်း၊  သက်ရှည်ကျန်းမာဖို့စားသုံးဆီကို တတ်နိုင်သမျှလျှော့စားစို့၊ သတိပြုပါအချိုမှုန့်အန္တရာယ်၊ သတိပြုကာကွယ်မြွေဆိုးအန္တရာယ်၊ ဆေးလိပ်ဖြတ်ရင်ဘာအကျိုးကျေး ဇူးတွေရမလဲ၊ နေ့စဉ်ဘဝတွင် ပုံမှန်စားသုံးသင့်သည့် ထမင်းတစ်ပန်းကန်စာနမူနာ၊ ဝက်သက်ရောဂါပပျောက်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်၊ ပိုလီယိုကင်းစင်မြန်ပြည်တစ်ခွင် စသည့်ခေါင်းစဉ်များဖြင့် ပြည်သူများ ကျန်းမာရေးအသိအမြင်များရရှိစေရန်အတွက် အသိပညာမြှင့်တင်ခြင်းလုပ်ငန်း များကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ (ပြန်/ဆက်)