ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပေါင် ဇွန် ၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး သစ်ပင်များ စိုက်ပျိုးခြင်းဖြင့်  ဒေသတွင်းအပူချိန်  လျော့ကျလာစေရန် သစ်တော၊ သစ်ပင်ပြုန်းတီးမှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍  ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို  ဇွန်လ (၅) ရက်နေ့  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေနံနက် (၈) နာရီက ကော့ထော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် သစ်တောဦးစီးဌာန တောအုပ်ကြီးဦးစိုးဝင်းက တက်ရောက်လာသူများထံ အပင်များပေးအပ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက မန်ဂျန်ရှား (၃၈၀) ပင်၊ ကျွန်း (၂၀၀) ပင်၊ ပျဉ်းကတိုး (၁၀၀) ပင် စုစုပေါင်းပျိုးပင်ပေါင်း  (၆၈၀) ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)