လဲချားမြို့နယ် အခြေခံပညာမူလတန်းကျောင်း(ဟိုနောင်လုံ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

လဲချား ဇွန် ၆

အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀) နာရီအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာမူလတန်း(ဟိုနောင်လုံ)​ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာမူလတန်း (ဟိုနောင်လုံ) ကျောင်းအုပ်ဆရာမကြီး ​ဒေါ်သီတာအေးက အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဒုတိယဦးစီးမှူး)ဒေါ်​ဟေမွန်ဦး မှမူးယစ်ဆေးဝါးဟူသည်၊ ရှောင်လေဝေးဝေးမူးယစ်ဆေး၊ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/သူများဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊စာစောင်များကို ဖတ်ရှုလေ့လာသင့်ကြောင်းကိုလည်း​ကောင်း၊ အသိပညာပေးဟောပြောခဲ့ကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်၊ ပြန်/ဆက်)