သာယာဝတီ ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် သာယာဝတီခရိုင် မြန်မာ့အာမခံလုပ်ငန်းတာဝန်ခံမှ ယနေ့ နံနက် ၉ နာရီက ရာသီဥတု အညွှန်းကိန်းသီးနှံ အာမခံလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို သာယာဝတီခရိုင် မြန်မာ့အာမခံလုပ်ငန်းနှင့် လက်ပံတန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးသည့် မိုးစပါးစိုက်တောင်သူ (၁၃၈)ဦးတို့အား မြန်မာ့အာမခံလုပ်ငန်း၊ သာယာဝတီခရိုင်ရုံးမှ ခရိုင်တာဝန်ခံ ဒေါ်စန်းစန်းလွင်မှ ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် တောင်သူများအား ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)