မင်းလှမြို့နယ်တွင် အစိုးရကခွင့်ပြုသည့် ဥပဒေနှင့်အညီ ဓာတ်သတ္တုထုတ်လုပ်ခြင်း အခြားလုပ်ငန်းလျှောက်ထားစာတွဲများဆိုင်ရာ ရှင်းလင်းပွဲပြုလုပ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် အဖွဲ့မှ မင်းလှမြို့နယ်၌ အစိုးရက ခွင့်ပြုသည့်ဥပဒေနှင့် ညီညွှတ်သည့်ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများအတွက် လျှောက်ထားလာသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်မှုများပြုလုပ်သည့် အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။