တောင်တွင်းကြီး ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အပူပိုင်းဒေသ စိမ်းလန်စိုပြေရေးဦးစီးဌာနကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်း အပူချိန်လျော့ကျလာစေရန် သစ်တော၊ သစ်ပင်ပြုန်းတီးမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ (၅) ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီက လက်တက်ကျေးရွာအနီးရှိ တောင်တွင်းကြီး-အောင်လံ-ပြည် လမ်းမကြီး လမ်းဘေးဝဲ/ယာ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ဦးဇော်ဝင်းက တက်ရောက်လာသူများထံ အပင်များပေးအပ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့သည်။
အဆိုပါ (၂၀၂၄) ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၁၀၀)ဦးခန့်က တမာပင် (၁၅၀၀) ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)