ကျေးသီး ဇွန် ၆
ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ်၌ (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က တိုင်းရင်းဆေးပညာဦးစီးဌာန (၁၆) ခုတင်ဆန့် တိုင်းရင်းဆေးရုံတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ ဆောင်ရွက်ခြင်းတွင် သုတ/ရသ စာအုပ်များ ၊ မဂ္ဂဇင်း ၊ ဝတ္ထုစာအုပ်များအား တိုင်းရင်းဆေးပညာဦးစီးဌာန (၁၆)ခုတင်ဆန့်တိုင်းရင်းဆေးရုံးရှိ ဝန်ထမ်းများထံ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)