မိုင်းစံမြို့တွင် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး Pfizer -15 ထိုးနှံပေး

မိုင်းစံ ဇွန် ၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer-15 ထိုးနှံပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က မိုင်းစံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer-15ထိုးနှံပေးမှုကို မိုင်းရှူးမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်း ဦးဆောင်မှုဖြင့်  မိုင်းရှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မိုင်းစံမြို့ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ မိဘပြည်သူများ စုစုပေါင်း (၁၀၆) ဦးအား အောင်မြင်စွာ ထိုးနှံပေးခဲ့ကြောင်း မိုင်းရှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)