လဲချားမြို့နယ် ပုံနေကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်(၃)နှင့် Biometric ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဉီးစီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီမှစ၍ ပုံနေကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ကျောက်မဲမြို့တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် G-9 အောင်မြင်ပြီးသူများ တက်ရောက်နိုင်ကြောင်း အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အ.ထ.က (၃) ကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်က တာဝန်ရှိသူများသည် ကျောက်မဲမြို့၌ ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ Grate 9 အောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားတက်ရောက်နိုင်ကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိစေရန်ရည်ရွယ်၍ အသိပညာဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်အထက် (၇)နှစ်မကျော်သော ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်​(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် အသက် (၅)နှစ်အထက် (၇)နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က မိုင်းစံမြို့ အ​ခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် မျိုးစေ့အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကျောက်ဆည်မြို့တွင် မျိုးစေ့အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ ကျောက်ဆည် ဇွန် ၆ အောင်ပိုင်ပိုင်ကျော်

ညောင်လေးပင်မြို့နယ်၌ လေ​ပြင်းဘေးကြောင့် ဒဏ်ရာရသူ ၁ ဦးနှင့် နေအိမ် ၂ လုံး အမိုးလန်ပျက်စီးမှုအတွက် ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့(၂)နာရီကအချိန်က လေပြင်းဘေးတိုက်ခက်မှုကြောင့် ဒဏ်ရာရသူ ၁ ဦးနှင့် နေအိမ် ၂ လုံး အမိုးလန် ပျက်စီးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to