ဗန်းမော် ဇွန် ၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ မိုးစပါးစိုက်ပျိုးရန် (၂၃၅၀၄) ဧက လျာထားမှုပြည့်မီရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ် ၁၂နာရီတွင် ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်ရှိ ကွင်းအမှတ်(၁၆၈၊နမ့်ဖားကွင်း)သို့ ကွင်းဆင်း၍ တောင်သူများနှင့်တွေဆုံပြီး မိုးစပါးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးရေးအတွက် ကြိုတင်ပြင်ဆင်မှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)