ရေတာရှည်မြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရေတာရှည် ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်  ၁၀ နာရီအချိန်က  စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် “မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

စာဖတ်ဝိုင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး “မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး” ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ (Book Club)အဖွဲ့ဝင် ဦးဇော်ဇော်ထွေးမှ “ရိုးသားမှုက အရေးအကြီးဆုံးပါ” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ (Woman Club) အဖွဲ့ဝင် မဖြူဖြူထွန်းက “စွယ်စုံရဖြစ်ဖို့လို” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တက်ရောက်လာ သူများက ခေါင်းစဥ်အသီးသီးဖြင့်လည်းကောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြ သည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကို ရရှိသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိ နားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရ သည်။ 

မြို့နယ်(ပြန်/ဆက်)