ကလော ဇွန် ၇
ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေး၊ သစ်တောများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကို သစ်ပင် စိုက်ပျိုးခြင်းဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ မိတ္ထီလာ - တောင်ကြီးကားလမ်း မိုင်တိုင် (၈၆/၅) အနီးတွင် ယနေ့ နံနက် ၇ နာရီက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလောမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းကျော်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ ထင်းရှူးပျိုးပင်များ ပေးအပ်ခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပျိုးပင်များအသီးသီးပေးအပ်ခဲ့ပြီး ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့် ဦးဆောင်၍ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများက ထင်းရှူးပင်တစ်ထောင်ပင်ကို ပျော်ရွှင်စွာ စိုက်ပျိုးခဲ့ကြကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)