ကျိုက်လတ်မြို့နယ်တွင် MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လှည့်လည်ကြည့်ရှုအားပေး

ကျိုက်လတ် ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် အမှတ် (၅) ရပ်ကွက်အတွင်းရှိ မုန့်ဟင်းခါးဖိုလုပ်ငန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြည့်ရှုစစ်ဆေးအားပေးရာတွင် ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းနှင့်တာဝန်ရှိသူများက အမှတ် (၅) ရပ်ကွက်အတွင်းရှိ ဦးလေးဝင်း “မုန့်ဟင်းခါးဖို” လုပ်ငန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ မိမိ၏အကျိုးစီးပွားနှင့် အများပြည်သူတို့၏ ဝယ်ယူစားသုံးမှုကို မျှမျှတတဖြစ်စေရေး၊ သက်ဆိုင်ရာဌာနတို့၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး၊ မီးဘေးအန္တရာယ် အထူးဂရုပြုဆောင်ရွက်ရေးတို့ကိုမှာကြား၍ လုပ်ငန်းရှင်များအား ပြောကြားခဲ့ကြောင်း သိရသည်။   

ကျိုက်လတ်(ပြန်/ဆက်)