သထုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်

သထုံ ဇွန် ၇

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်နေသည့် အသက်‌မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းအား ယနေ့နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

လာရောက်အားပေးရာတွင် သထုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်အေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက သင်တန်းသူများအား တွေ့ဆုံနှုတ်ဆက်ကာ သင်တန်းမှအခမဲ့ပိုချပေးခဲ့သည့် သက်မွေးပညာရပ်များကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် မိမိတို့၏ လူမှုစီးပွားများဖွံ့ဖြိုးအောင် ဆောင်ရွက်ကြရေး အားပေးစကားများပြောကြားပြီး သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို သထုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ မေလ ၂၃ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အထိ ၄၅ ရက်ကြာ အခမဲ့ဖွင့်လှစ်နေပြီး သထုံမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာတို့မှ သင်တန်းသူ ၁၅ ဦး တက်ရောက်နေကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)