ညောင်တုန်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကလေးအလုပ်သမားပပျောက် ရေး အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့သည်။

ရမည်းသင်းမြို့နယ်၊ အ.လ.ကကုတင်‌ကျောင်း၌ ရာသီဥတု ပြောင်းလဲမှုလျော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့်ဖျော်ဖြေရေးအစီစဉ်များ ဆောင်ရွက်

၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ရာသီဥတု ပြောင်းလဲမှုလျှော့ချ​ရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များကို ယမန်နေ့နံနက်ပိုင်းက  ကုတင်‌ကျေးရွာ အ‌ခြေခံပညာ အလယ် တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) ၌ အင်္ဂလိပ်စာ စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာစကားပြော စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မဘိမ်းမြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ အသက်(၉)နှစ်မှ(၁၂)နှစ်ထိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် ဧရာထွန်းလမ်းမကြီးပေါ်ရှိ သစ်ပင်ကြီးလဲပြိုကျမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်၊ ဧရာတွန်(၁)(ဆ) ရပ်ကွက်၊ ဧရာထွန်းလမ်းမကြီးပေါ်ရှိ ဖျောက်ဆိပ်ပင်ကြီးသည် ယမန်နေ့ည ၁၀ နာရီအချိန်က လဲပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း  သိရသည်။

မီး‌သွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းတာကွင်းကျေးရွာတွင် သစ်ပင်လဲကျပြီး နေအိမ်ပြိုကျမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းတာကွင်း ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ရေဝင်ရောက်သဖြင့် မြေအိပြီး လုံးပတ်(၆)ပေ၊ အမြင့်(၅၀)ပေခန့်ရှိ သစ်ပင်လဲကျမှုကြောင့် နေအိမ်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့သည်။

မဘိမ်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များကို ကွင်းဆင်း၍ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မား‌စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိ‌ရေး၊ စာပေမှရရှိသော ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ချက်ဖြင့် စာပေ ဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူဖတ်ရှုနိုင်စေရန်အတွက် အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် ကျောင်းသားလူငယ်များ လူတော်လူကောင်းများပေါ်ထွန်းရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့က မုဒွန်း (အ.ထ.က) ကျောင်းပညာကြယ်စင်ခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့နယ်၌ ၂၀၂၃ခု နှစ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း မိုးရာသီဘောလုံး အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ၂၀၂၃ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက အထက (မချမ်းဘော) ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့သည်။
Subscribe to