လားရှိုး ဇွန် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဇွန်လ ၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ ကျောင်းဖွင့်လှစ်နေမှုများကို မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူတို့သည် ယမန်နေ့က လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာ၊ မယ်ဟန်ကျေးရွာ၊ နမ့်တွန်းကျေးရွာ၊ ဟိုပိတ်ကျေးရွာများသို့ သွားရောက်ကာ ကျောင်းဆရာ၊ ဆရာမများ ၊ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး ကြည့်ရှုအားပေး၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၂၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၉ ကျောင်း၊ မူလတန်းကျောင်း ၇၉ ကျောင်း၊ မူလတန်းကျောင်းခွဲ ၃၇ ကျောင်း စုစုပေါင်း ၂၁၆ ကျောင်းရှိကြောင်း သိရသည်။
စိုင်းထွန်း