ရန်ကုန် ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို (သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည် ပြုပြင်ပေး)" ဆောင်ပုဒ်ဖြင့် ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ ရန်ကုန်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guteress နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်အမှုဆောင် ညွှန်ကြားရေးမှူး Ms.Inger Andersen တို့ကသဝဏ်လွှာကို ဖတ်ကြားသည့် ဗီဒီယို၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ရိုက်ကူးထားသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် (သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံ နိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး)” ဆောင်ပုဒ်အတွက် ပညာပေးဗီဒီယို၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ရရှိသည့် ကျောင်းများ၏ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဗီဒီယို၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အကောင်းဆုံးဆုရ စက်ရုံများ၏ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ၂၀၂၃-၂၀၂၄ ခုနှစ် အခြေခံပညာအထက်တန်းအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ပထမနှင့် ဒုတိယ ရရှိသည့် ကျောင်းများကိုလည်းကောင်း၊ ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်းက ၂၀၂၃-၂၀၂၄ ခုနှစ် အခြေခံပညာအထက်တန်းအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုပူတွဲ ဒုတိယနှင့် အထူးဆုရရှိသည့် ကျောင်းများကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက ၂၀၂၃-၂ဝ၂၄ ခုနှစ် အခြေခံပညာ အတက်တန်းအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုရရှိသည့် ကျောင်းများကိုလည်းကောင်း၊ တိုင်းမှူး၏ ဇနီး ဒေါ်ယမင်းအောင်က ၂၀၂၃-၂ဝ၂၄ ခုနှစ် အခြေခံပညာ အတက်တန်းအဆင့် သန့်ရှင်း၍ စိမ်းလန်း စိုပြည်သော ကျောင်းဆုပူးတွဲ တတိယရရှိသည့် ကျောင်းများကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက ၂၀၂၃-၂ဝ၂၄ ခုနှစ် အခြေခံပညာ အလယ်တန်းအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုရရှိသည့် ကျောင်းများ၊ ၂၀၂၃-၂၀၂၄ ခုနှစ် အခြေခံပညာမူလတန်းအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ရရှိသည့် ကျောင်းများ၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအကောင်းဆုံးဆုရရှိသည့် စက်ရုံများကို လည်းကောင်း၊ ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆုရကျောင်းများ၊ စက်ရုံများမှ ကိုယ်စားလှယ်များ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုပြီး အခမ်းအနား ပထမပိုင်းကို ရပ်နားခဲ့သည်။
ဆက်လက်၍ အစီအစဉ် ဒုတိယပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သော “သဲကန္တာရ တိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ် ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဟူသော ခေါင်းစဉ်ဖြင့် နံနက် ၁၁ နာရီတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြို့ပြစီမံကိန်းဌာန (YCDC)၊ ရန်ကုန် တက္ကသိုလ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး စကားဝိုင်းဆွေးနွေးခြင်းကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။
စကားဝိုင်းဆွေးနွေးခြင်း အစီအစဉ်တွင် Moderator အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးကျော်ဆန်းနိုင်မှ ဆောင်ရွက်၍ Panelist အဖြစ် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မော်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမွန်းနောင်ဇင်၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကြွယ်၊ မြို့ပြစံမံကိန်းဌာန (YCDC)၊ ဒုတိယဌာနမှူး (ညွှန်ကြားရေးမှူး)၊ ဒေါ်ခိုင်မိုးညွန့်နှင့် ရန်ကုန် တက္ကသိုလ် ပထဝီဝင်ဌာန၊ ပါမောက္ခဒေါက်တာခင်ခင်စိုးတို့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)