ရေတာရှည်မြို့နယ်၌ မိုးစပါးစိုက်ဧကများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးဧကများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် မြို့နယ်ကွင်းဆင်းစိစစ်ကြပ်မတ်ရေးအဖွဲ့မှ ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က ခင်တန်းကြီးကျေးရွာအုပ်စုနှင့် အမှတ် ၅ ရပ်ကွက်ရှိ မိုးစပါးစိုက်ပျိုးဧကများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား အခမ်းအနားကို ဇွန်လ ၄ ရက်နေ့၊ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

မြစ်သားမြို့နယ် ခန္တောကျေးရွာ နွေစပါး GW11 စိုက်စနစ်စံပြကွက်အား တိုင်းစိုက်ပျိုးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ခန္တောကျေးရွာအုပ်စု ကွင်းအမှတ် (၅၃၁/ခ)၊ ဦးပိုင်အမှတ် (၁၇/၂) ရှိ တောင်သူဦးဌေးကြိုင်၏ နွေစပါး GW11 စိုက်စနစ်စံပြကွက် (၁၀) ဧကစိုက်ကွင်းအား တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦးတို့သည် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေများအား ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် အထိမ်းအမှတ် အဖိုးတန်သစ်မျိုး ၅၂၅ ပင်စိုက်ပျိုး

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ(ပထမအကြိမ်) သစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီက ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာအုပ်စုရှိ အမှတ်(၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ၌ ကျင်းပရာ လူထုလှုပ်ရှားမှုအသွင်ဖြင့် အဖိုးတန်သစ်မျိုးများဖြစ်သော ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် စုစုပေါင်း ၅၂၅ ပင်ကို စိုက်ပျိုးခဲ့ကြသည်။

လွိုင်လင်မြို့တွင် ဥပ္ပါတသန္တိကျမ်းမြတ်ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် (၅) နာရီက မြို့လယ်ဓမ္မာရုံ သာသနာ့ဗိမာန်၌ကျင်းပရာ လွိုင်လင်တပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ကသာမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်အားပေး

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၃ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးရဲဝင်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူတို့က အမှတ် (၁)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲဖွင့်ပွဲကို ဇွန်(၃)ရက် ညနေ့(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။

အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ် သင်တန်းဖွင့်ပွဲ ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲကို ဇွန်လ(၄)ရက် နံနက်(၁၀)နာရီခွဲက အေးသာယာမြို့ရှိ ဘက်စုံသုံးအားကစားခန်းမ၊ အားကာသိပ္ပံ (တောင်ကြီး)၌ ကျင်းပသည်။

ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ကချင်ပြည်နယ် အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေးအတွက် ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁) နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to