ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကျင်းပ

ကသာ ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် တွင် ယနေ့ နံနက် (၉)နာရီအချိန်က စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းသားလူငယ်များအနေဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်ကို ကောင်းမွန်စွာအသုံးချတတ်စေရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ မိမိလေ့လာသိရှိထားသည့် အသိပညာများကို ပြန်လည်အသုံးချတတ်စေရန်ရည်ရွယ်ပြီး ဟောပြောပွဲများဆောင်ရွက်ခြင်း၊ စိတ်ကြိုက် ဆေးရောင်ခြယ်ခြင်း၊ စကားပုံဆက်ကစားခြင်း၊ စာအုပ်စာစောင်များကို လွယ်ကူစွာရှာဖွေသိရှိနိုင်စေရန် စာအုပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားသို့ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။                                                                  

ကျော်စွာထွန်း(ကသာ)