ခန္တီးမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ခန္တီး ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနက မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာပေးသင်တန်းနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးဝင်းညွှန့်က အဖွင့်အမှာစကားပြောကြားကာ ခန္တီးခရိုင် စိုက်ပျိုးရေးဉီးစီးမှူး ဉီးနိုင်မော်လွင်က အရေးကြီးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အကျိုးဆောင်တောင်သူများအား ဆွေးနွေးအမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဉီးစီးမှူး ဒေါ်စုစုခိုင်က မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာပေးသင်တန်းနှင့် သွင်းအားစုထောက်ပံ့ ပေးအပ်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်လာကြသော ဒေသခံတောင်သူများအား ဆင်းဧကရီ-၃(RS)မျိုးစေ့များ၊ မြေသြဇာသွင်းအားစုများနှင့် စိုက်ပျိုးရေးနည်းပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြသည်။

ထို့နောက်သင်တန်းအား ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးရေးဉီးစီးမှူး ဒေါ်စုစုခိုင်က မိုးစပါး ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းနည်းစနစ်များနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယလက်ထောက် ဉီးစီးမှူး ဒေါ်နန်းရတနာဉီးက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သိပ္ပံနည်းကျစိုက်နည်းစနစ် များနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယလက်ထောက်ဉီးစီးမှူး ဒေါ်ဖြူစင်သန့်က မျိုးကောင်းမျိုးသန့် သုံးစွဲထိန်းသိမ်းနည်းစနစ်များနှင့် ပတ်သက်၍လည်းကောင်း သင်ကြားပို့ချခဲ့ကြပြီး တက်ရောက်ကြသည့် သင်တန်းသား/သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ စုစုပေါင်း (၃၂)ဉီး တက်ရောက်ခဲ့ကြောင်း သိရှိသည်။

ခရိုင်(ပြန်/ဆက်)