မြစ်ကြီးနားမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါန စုပေါင်းသွေး လှူဒါန်းပွဲကျင်းပ
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၉နာရီက မြစ်ကြီးနားမြို့ ကုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး သွေးလှူခန်းမတွင် အမှတ် (၃၀) လုံခြုံရေး ရဲတပ်ဖွဲ့ ခွဲမှ တပ်ဖွဲ့ဝင်များက ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။