ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည် ယမန်နေ့ နေ့လယ်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ လေးကျွန်းဆီမီးကျေးရွာ ခလရ(၁၄)တွင် တတိယအပတ်စဥ် ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်မည့် သင်တန်းသားများအား အားပေးကြည့်ရှုခဲ့ပြီး ရွှေတောင်မြို့နယ်၊ အိုးထိမ်းကုန်းကျေးရွာအုပ်စု၊ နတ်ရေကန်ကွင်း၊ တောင်သူ ဒေါ်စန်းစန်း၏ နွေစပါး (ထိုင်းကောက်နှံ) ၅ဧကရှိ (၆၆)ပေ ပတ်လည် (၀.၁၀) ဧက စံကွက်ရိတ်သိမ်းရာတွင် အစိုအထွက်တင်း (၁၁၁.၃၀) တင်းထွက်ရှိမှုအခြေအနေများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)